Laptop ဆိုင်အနေနဲ့
အရှင်းရဆုံး ပြဿနာက ဘာလဲဆိုရင်
Keyboard ပြဿနာပါပဲ။
User တွေ တလွဲတွေးတာ ရှိပါတယ်။
Original Keyboard ကို မသုံးဘူး။
External Keyboard ပဲသုံးတာ
ပျက်စရာ အကြောင်းမရှိဘူး။
မသုံးပဲ သိမ်းထားတာ။
ပျက်စရာ အကြောင်းမရှိဘူး။
ဟုတ်ကဲ့
မသုံးဘဲ သိမ်းထားတဲ့ အလုံးတွေက
Keyboard သာမက တခြားအရာတွေပါ
ပျက်တတ်ပါတယ်။
Battery မကောင်းတော့တာ
Power မတက်တော့တာ
Window မတက်တော့တာ
ပြန်သုံးတဲ့အခါ fan ကောင်းကောင်းမလည်လို့
Laptop ပူလာတာ အစုံပါပဲ။
ဘာလို့အဲ့လို့ပြောနိုင်သလဲဆို
ဆိုင်မှာ လာပြင်တဲ့ Laptop ၁၀လုံးမှာ
၉လုံးက မသုံးပဲ သိမ်းထားတယ်ဆိုတဲ့ အလုံးတွေပါပဲ။
Keyboard ကိစ္စ ပြန်ဆက်ရရင်
Original Keyboard က သိပ်အကြမ်းမခံပါဘူး။
ကြမ်းကြမ်းတမ်းတမ်း နှိပ်လို့မရပါဘူး။
ပျက်လွယ်ပါတယ်။
ဒီတော့ ကိုယ်က ပုံမှန်အတိုင်း သုံးတတ်အောင်
အလေ့အကျင့်လုပ်ရပါမယ်။
စာရိုက်ရတာ များတဲ့အခါမျိုးမှာ
External Keyboard သုံးပါ။
ပုံမှန် အသုံးပြုတဲ့အခါမျိုးမှာ
Original Keyboard ကိုသုံးပါ။
External Keyboard ချည်းသုံးနေရင်လည်း
နောက်ပိုင်း Key ငြိတာ Key တွေနှိပ်မရတော့တာ
ဖြစ်တတ်ပါတယ်။
Laptop Keyboard ဘာကြောင့်ပျက်လဲ
အနှစ်ချုပ်ရရင်
၁။ Laptop ကို ပုံမှန် မသုံးပဲ ပစ်ထားတာ။
၂။ Original Keyboard ကို လုံးဝမသုံးဘဲ
External Keyboard ချည်း သုံးတာ။
၃။ User က ကြမ်းကြမ်းတမ်းတမ်း သုံးတာ။
၄။ User Fault (Keyboard ပေါ် ကော်ဖီ အအေး ရေ မှောက်ကျခြင်း၊ Laptop ကို ထိခိုက်မိခြင်း)
၅။ ပုံမှန် သန့်ရှင်းရေး မလုပ်ခြင်း တို့ဖြစ်ပါတယ်။