Laptop Battery ရေရှည်ခံဖို့ဆိုရင်

admin Avatar

Laptop တစ်လုံးဝယ်ပြီဆိုရင် လူတော်တော်များများသိချင်တဲ့အချက်က Battery ဘယ်လောက်အသုံးခံလဲဆိုတာဖြစ်ပြီး အမေးအများဆုံးကလည်း အဲ့အကြောင်းအရာပဲဖြစ်ပါတယ်..

သာမန် Laptop အများစုက Power Plug မတပ်ဘဲ ပုံမှန်အနေအထားနဲ့သုံးမယ်ဆိုရင် ၃ နာရီ နဲ့ ၄ နာရီကြားလောက်ခံပြီး ၊ Battery usage များတဲ့ software တွေသုံးမယ်ဆိုရင်တော့ ၂ နာရီဝန်းကျင်လောက်ခံပါတယ်…

Battery 10 နာရီအသုံးခံပါတယ်ဆိုပြီး ကြော်ငြာတဲ့ High end Laptop တွေမှာတောင် သာမန်အနေအထားနဲ့ သုံးမှသူပြောသလောက်အသုံးခံတာဖြစ်ပါတယ်..

နောက်ပြီး အချိန်ကြာကြာသုံးရတဲ့ Gaming Laptop တွေမှာလည်း အများဆုံးခံ ၃ နာရီ ၊ ၄ နာရီ ပါပဲ..

အချိန်တန်ရင် Power Plug တပ်ပြီး သုံးရတာပါ..

ဒီတော့ ပြောရရင် Laptop Battery ဘယ်လောက်အသုံးခံလဲဆိုတာက အရေးမကြီးပါဘူး..

အရေးကြီးတာက ကိုယ့် Laptop Battery ရဲ့သက်တမ်းကို ကြာကြာအသုံးခံအောင်လို့ ဘယ်အချက်တွေကို ရှောင်ကြဉ်ရမလဲဆိုတာပဲဖြစ်ပါတယ်..

ရှောင်ကြဉ်ရမယ့်အချက်လေးတွေကိုအောက်မှာဖော်ပြပေးထားပါတယ်..

  1. Laptop ကို အပူချိန်လွန်ကဲတဲ့နေရာမျိုးမှာမထားပါနဲ့..
    0 degrees Celsius ထက်နည်းပြီး 35 degrees ထက်များတဲ့နေရာမျိုးမှာမထားသင့်ပါဘူး
  2. Laptop ကို နူးညံ့တဲ့မျက်နှာပြင်ရှိတဲ့နေရာမျိုးမှာထားမသုံးပါနဲ့..

ကော်ဇော ၊ စောင် ၊ ခေါင်းအုံး အစရှိတဲ့နေရာတွေမှာမသုံးသင့်ပါဘူး။ဘာကြောင့်လဲဆိုတော့ Laptop cooling system ရဲ့ လေဝင်လေထွက်ကို ပိတ်ထားသလိုဖြစ်ပြီး Laptop ကိုပူလာစေနိုင်လို့ပါ

  1. Laptop ကိုအချိန်အကြာကြီးမသုံးဘဲမထားပါနဲ့..
    မသုံးဖြစ်ဘူးဆိုရင်တောင် တစ်နေ့ကိုတစ်ခါလောက် အဖွင့်အပိတ်လုပ်ပေးသင့်ပါတယ်
  2. မလိုတဲ့ ပစ္စည်းတွေတပ်ထားခြင်းမှ ရှောင်ကြဉ်ပါ
    မလိုတဲ့ပစ္စည်းတွေဆိုတာ USB port မှာတပ်သုံးတဲ့ ပစ္စည်းတွေကိုပြောတာပါ..USB stick တွေ ၊ External HDD တွေ နဲ့ mouse တို့ဖြစ်ပါတယ်..ဒီပစ္စည်းတွေတပ်ထားပြီဆိုရင် motherboard ကနေ power ပေးရပါပြီ။ ဒါဆိုရင် battery power လည်းသုံးရပါပြီ။ ဒီနေရာမှာအကြံပေးချင်တာက mouse ထက်စာရင် laptop မှာပါတဲ့ trackpad ကိုသုံးဖို့ပါ..
  3. အချိန်ပြည့်အားသွင်းထားတာမျိုးမလုပ်ပါနဲ့..
    ဒီအချက်ကလည်းအရေးကြီးပါတယ်..Battery အားပြည့်တာနဲ့ အားသွင်းကြိုးကိုဖြုတ်ပါ..

Battery percent 40% လောက်ကျန်မှ ပြန်သွင်းပါ..ဒီလိုလုပ်ပေးခြင်းဖြင့် သင့် Laptop battery ကိုကြာရှည်ခံစေပါလိမ့်မယ်..

ဒီလောက်ဆိုရင် ကိုယ့် Laptop ရဲ့ battery ကို ဘယ်လိုကြာရှည်ခံအောင် သုံးရမလဲဆိုတာ သိသွားလောက်ပြီလို့ထင်ပါတယ်…

Credit.