Rendering ပိုင်းကို
Performance မြင့်မြင့်နဲ့
ရေရှည်သုံးဖို့ဆို Desktop သာ
ဆင်သုံးဖို့ အကြံပေးပါတယ်။
Laptop တွေဝယ်သုံးလည်း Rendering ချရင်
Battery အရမ်းစားတာမို့
Adapter ထိုးသုံးရမယ့်အတူတူ
သိပ်မထူးပါဘူး။
Desktop တွေက Performance ပိုကောင်းပါတယ်။
Laptop မှ Laptop ဆို ချောချောမွေ့မွေ့သုံးဖို့အတွက် Gaming Laptop တွေသာ သုံးသင့်ပါတယ်။
Second စျေးကို သိန်း၂၀ အထက်ရှိနိုင်ပါတယ်။
ဒီလောက်ဆို ၂သိန်းကျော်တန် Laptop နဲ့
Rendering ချလို့ရလား မေးခွန်းတွေရဲ့
အဖြေကိုသိပြီထင်ပါတယ်။
ကျနော်တို့လက်ရှိအမြင့်ဆုံးရောင်းနေတဲ့
၉သိန်းခွဲ Laptop တောင် Rendering မရပါဘူး။
Graphics Card ပါတိုင်းလည်း
Rendering မရပါဘူး။
Nvidia က ထုတ်တဲ့ Graphics Card ဆို
GTX တို့ RTX တို့လို Series
Graphics 4GB လောက်သီးသန့်ပါမှ
အဆင်ပြေတာပါ။
Civil Engineer အများစုကလည်း
Rendering သိပ်မသုံးကြတဲ့အတွက်ရယ်
သုံးတဲ့သူအများစုကလည်း Desktop နဲ့
သုံးကြတဲ့အတွက်ရယ်
ယူရောင်းရမှာ Risk များတဲ့အတွက်ရယ်
အရင်းအနှီးများတဲ့အတွက်ရယ်
Gaming Laptop တွေ တင်သွင်းဖို့
လောလောဆယ်အစီအစဉ်မရှိသေးပါဘူး။
အောက်ကလင့်မှာ Rendering Software တစ်ခုဖြစ်တဲ့
Lumion ရဲ့ System Requirement ကို
သွားလေ့လာနိုင်ပါတယ်။