ရေးသားသူ – ကိုတေဇ (Delta Laptop Center)
Used Laptop ဝယ်ယူဖို့ စဉ်းစားမယ်ဆို
အကြမ်းဖျင်း ဘယ်လိုစစ်ဆေးရမလဲကို
ပြောပြပေးသွားပါမယ်။
ကိုယ်က ဘာ Software တွေ သုံးမှာလဲ
ငွေ ဘယ်လောက်ထိ သုံးမှာလဲ
အရင်စဉ်းစားဖို့ လိုပါတယ်။
ကိုယ်သုံးမယ့်
Software System Requirement တွေ
သိဖို့လိုပါတယ်။
ကိုယ်က AutoCAD 2021 အဓိက သုံးဖို့ရည်ရွယ်ရင်
Google မှာ AutoCAD 2021 System Requirement လို့ ရိုက်ရှာပြီး CPU RAM GPU တွေဖတ်ပြီး
အဲ့ specification နဲ့ ကိုက်ညီတဲ့ Laptop ရှာဝယ်ဖို့
လိုပါတယ်။
ရုံးသုံး ကျောင်းသုံး အင်တာနက်သုံးရုံလောက်က
System Requirement ကြီးကြီးမားမား
သိပ်မရှိလို့ Laptop တော်တော်များများနဲ့
အဆင်ပြေပါတယ်။
System Requirement သိပြီဆို
အောက်က အချက်တွေကို စစ်ဆေးဖို့လိုပါတယ်။
၁။ Body Condition
အရင်ဆုံး body condition စစ်ပါ။
ပိန်နေလား ချိုင့်နေလား အပွန်းအဆင်းများလား
မှန်မှာ ခြစ်ရာတွေပါနေလား စစ်ပါ။
၂။ Port
USB Port တွေ ကောင်းမကောင်းစစ်ပါ။
Stick သို့မဟုတ် ကြိုး Mouse ထိုးပြီး
ကောင်းမကောင်းစစ်ပါ။
VGA , HTMI Port တွေလည်း သက်ဆိုင်ရာ
ကြိုးထိုးပြီး စစ်ပါ။
၃။ အလင်းပေါက် အမဲစက် မှို မှန်အစင်းကြောင်း
Notepad or Microsoft Word or Browser
ဘာဖြစ်ဖြစ် Screen အဖြူရောင်ပြောင်းလို့ရတဲ့
App တစ်ခုကို ဖွင့်ပါ။
အလင်းပေါက် အမဲစက် မှို ရှိရင်
ထင်ထင်ရှားရှား မြင်ရပါတယ်။
လက်ခံလို့ရတဲ့ အနေအထားဟုတ်မဟုတ်
သေချာစစ်ဆေးပါ။
၄။ Camera
Camera ပါတဲ့ အလုံးဆို
Window icon ဘေးက search မှာ
cameraလို့ ရိုက်ပါ။ camera ကိုနှိပ်ပြီး
ကောင်းမကောင်းစစ်ပါ။
၅။ WiFi & Bluetooth
WiFi or Bluetooth ကောင်းမကောင်း
စစ်ပါ။ WiFi ချိတ်ကြည့်ပါ။
ဖုန်းနဲ့ Bluetooth ချိတ်ကြည့်ပါ။
ထုတ်တာကြာပြီ ဖြစ်တဲ့ Laptop Model
အဟောင်းတွေမှာ WiFi & Bluetooth
ပါချင်မှ ပါတတ်ပါတယ်။
၆။ Speaker
သီချင်းတစ်ပုဒ်လောက် ဖွင့်ကြည့်ပါ။
Speaker အသံအတိုးအကျယ်ကစားပါ။
အသံအက်မအက် စစ်ပါ။
၇။ Keyboard
Keyboard ကောင်းမကောင်းစစ်ပါ။
Keyboard စစ်ဖို့ software မရှိရင်
Notepad မှာ ရိုက်ကြည့်တာဖြစ်ဖြစ်၊
Google မှာ Online Keyboard Test ဆိုပြီး
ရိုက်ရှာပြီး စမ်းတာဖြစ်ဖြစ်လုပ်လို့ရပါတယ်။
၈။ Battery
Used Laptop အများစုက
Battery သိပ်မခံပါဘူး။
ဒါပေမယ့် အားသွင်းကြိုးဖြုတ်ပြီး
Battery အားအရမ်းထိုးဆင်းသွားသလား
အားသွင်းရင်လည်းမြန်
အားကုန်ရင်လည်းမြန်ဖြစ်နေသလား
Video တွေ Software တွေ ဖွင့်ကြည့်ပြီး
Battery အားအခြေအနေကို လေ့လာလို့ရပါတယ်။
၉။ DVD Drive
ဒီခေတ်မှာ သိပ်အရေးမကြီးပါဘူး။
နောက်ထုတ်တဲ့ Laptop တွေမှာလည်း
မပါတော့ပါဘူး။ ဒါပေမယ့် ကိုယ်ဝယ်တဲ့
Laptop မှာ DVD Drive ပါရင် အလုပ်လုပ်မလုပ်
DVD ချပ်ထည့်ပြီး စစ်ဆေးကြည့်ပါ။
နောက်ပိုင်းတော့ DVD Drive နေရာမှာ
SSD or HDD ပဲ အစားထိုးသုံးကြတာများပါတယ်။
၁၀။Specification
CPU RAM Storage GPU စစ်ပါ။
Window icon ဘေးက search မှာ
Task Manager လို့ရိုက်ရှာပါ။
သို့မဟုတ် crt+alt+delete ကို
နှိပ်လည်းရပါတယ်။
Performance ကိုနှိပ်ပြီး
CPU RAM Storage GPU စစ်လို့ရပါတယ်။
Storage ပိုင်းမှာတော့ HDD အစား
Window တက်မြန်တာ
Software အဖွင့်အပိတ် မြန်တဲ့ SSD ကိုပဲ
ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။
နောက်ဆုံးအနေနဲ့ ကိုယ်က Laptop အကြောင်း
နားမလည် မစစ်တတ်ဘူးဆိုရင် နားလည်တဲ့
မိသားစုဝင်၊ဆွေမျိုး သို့မဟုတ် အသိမိတ်ဆွေ
တစ်ယောက်ယောက်ကိုပါ ခေါ်သွားပြီး
စစ်ဆေးသင့်ပါတယ်။
ဆိုင်ကဝယ်ရင်တော့
Warranty & Service နဲ့ ခံစားခွင့်တွေကို
သေချာမေးမြန်းပြီး ပေးလိုက်တဲ့
ဘောက်ချာကိုပါ သေချာသိမ်းထားဖို့လိုပါတယ်။
ကျနော်တို့ Delta Laptop Center မှာတော့
Laptop အမျိုးအစားတွေက
တစ်သိန်းကျော်တန်မှစပြီး ရှိပါတယ်။
Laptop တိုင်း အလုံးတော်တော်
သန့်ပါတယ်။
ဝယ်ယူသွားတဲ့ Laptop ကို
၂ရက် စိတ်ကြိုက်စမ်းသုံးခွင့်ပေးထားပါတယ်။
ကိုယ်သုံးချင်တဲ့ Software နဲ့ မကိုက်လို့ဖြစ်စေ
စိတ်တိုင်းမကျလို့ ဖြစ်စေ ၂ရက်အတွင်း
ပြန်လာပို့လို့ရပါတယ်။
Warranty ပိုင်း အနေနဲ့
Hardware – 1 Month
Service & Software – Lifetime ပေးထားပါတယ်။
Showroom
အမှတ် ၁၅ဘီ၊ပထမထပ်၊အနော်ရထာအိမ်ရာ၊
အင်းစိန်လမ်းမ၊ကမာရွတ်၊
လှည်းတန်းမှတ်တိုင်။
09789444780
Laptop တွေက ရောက်တာနဲ့
ကုန်သွားတတ်လို့ လာမကြည့်ခင်
ကိုယ်လိုချင်တဲ့အလုံး ကျန်မကျန်
အရင်ဖုန်းဆက်မေးပေးပါ။